Evaporated Milk Cake

Evaporated Milk Cake

Category :

Cake

အနံ့မွှေးမွှေး၊ အရသာစိမ့်စိမ့်နဲ့ ကိတ်သားနူးညံ့အိစက်နေတဲ့ နို့စိမ်းကိတ် (Evaporated Milk Cake) လေးကို အိမ်မှာအလွယ်တကူ လုပ်စားလို့ရအောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

အသုံးပြုရမည့် ပါဝင်ပစ္စည်းများ
• ​ကြက်ဥ (Eggs): ၁၀ လုံး
• သကြား (Sugar): ၄၀၀ ဂရမ်
• ဆား (Salt): အနည်းငယ်
• ကိတ်မုန့်ဂျုံ: ၅၀၀ ဂရမ်
• ​Baking Powder: ၁၀ ဂရမ်
• Cake Gel (SP): ၃၀ ဂရမ်
• နို့စိမ်း (Evaporated Milk): ၂၀၀ ဂရမ်
• နို့ဆီ (Condensed Milk) ၁၀၀ ဂရမ်
• ဟင်းရွက်ဆီ (Vegetable Oil): ၃၀၀ ဂရမ်
• ​နို့အနံ့ (Milk Flavour): လက်ဖက်ရည်ဇွန်း ၁ ဇွန်း

1.

Egg

2.

Salt

3.

Sugar

4.

Cake Flour

5.

Condensed Milk

6.

Baking Powder

7.

Cake Gel

8.

Milk Flavour

9.

Evaporated Milk

10.

Vegetable Oil

ပြုလုပ်ပုံအဆင့်ဆင့်

Step (1) – ဂျုံမှုန့်၊ Baking Powder နှင့် ဆားတို့ကို ဇကာဖြင့် အနည်းဆုံး ၁ ကြိမ်ခန့် စစ်ပေးထားပါ။ (ဤသို့ပြုလုပ်ခြင်းက ကိတ်သားကို ပိုမိုနူးညံ့စေပါတယ်)။

Step (2) – ဇလုံတစ်ခုထဲတွင် ကြက်ဥ၊ သကြားနှင့် ဆားကို ထည့်ပြီး သကြားကြေသည်အထိ သေချာမွှေပေးပါ။

Step (3) – ဇကာချထားသော ဂျုံမှုန့်နှင့် ပါဝင်ပစ္စည်းများများကို ထည့်၍ ရောစပ်အောင် မွှေပါ။ ထို့နောက် Cake Gel ထည့်ကာ မွှေတံ (သို့မဟုတ်) စက်အမြန်နှုန်း (High Speed) ဖြင့် မုန့်နှစ်များ အဖြူရောင်သန်းပြီး ပွတက်လာသည်အထိ ၁ မိနစ်ခန့် မွှေပေးပါ။

Step (4)– မုန့်နှစ်ပွလာပါက အမြန်နှုန်းကို အလယ်အလတ် (Medium Speed) သို့ လျှော့ချပြီး နို့ဆီ၊ နို့စိမ်းနှင့် နို့အနံ့တို့ကို လောင်းထည့်ပါ။ နောက်ဆုံးမှ ဟင်းရွက်ဆီကို ဖြည်းဖြည်းချင်း လောင်းထည့်ကာ အားလုံးသမသွားအောင် ရောစပ်လိုက်လျှင် နူးညံ့လှပတဲ့ ကိတ်မုန့်အနှစ်ရည် ရပါပြီ။


Step (5)– မုန့်ဖုတ်ရန် မုန့်ဖုတ်ဗန်း (သို့) ကိတ်မုန့်ခွက်လေးများတွင် ဆီသုတ်၊ စက္ကူခင်းပြီး မုန့်နှစ်ကို ၃ ပုံ ၂ ပုံခန့် ထည့်ပါ။ Oven အပူချိန်ကို 180°C ဖြင့် ၃၅ မိနစ်မှ ၄၅ မိနစ်ခန့် (ကိတ်မုန့်အရွယ်အစားပေါ်မူတည်၍) ကျက်အောင်ဖုတ်ပေးပါ။

ထို့နောက် ကိတ်မုန့်သားကျက် မကျက်ကို သိရှိနိုင်ရန် အလယ်ကို တုတ်ချောင်းဖြင့် ထိုးကြည့်၍ မုန့်နှစ်များ ကပ်မလာပါက ကိတ်မုန့်သားကျက်ပါပြီ။ ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ ကိတ်သားနူးညံ့အိစက်နေသော နို့စိမ်းကိတ်လေးကို စားသုံးနိုင်ပါပြီခင်ဗျာ။