icon

September 5 , 2024

icon

1 Minute Read

MOU လက်မှတ်ရေးထိုးပွဲနှင့် ကုန်သွယ်ဆက်သွယ်မှု အခမ်းအနားအတွက်အဓိကထောက်ပံ့ပေး

ဒုံးပျံဂျုံမှုန့်သည် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)၊ AustCHAM၊ BCCM နှင့် CCI France တို့ တွဲဖက်ပေါင်းစည်းသည့် MOU လက်မှတ်ရေးထိုးပွဲနှင့် ကုန်သွယ်ဆက်သွယ်မှု အခမ်းအနား တွင် အဓိက ထောက်ပံ့ပေးသူ (Title Sponsor) အဖြစ် ပါဝင်နိုင်ခြင်းကို ဂုဏ်ယူဝမ်းမြောက်ပါသည်။ အဆိုပါ အခမ်းအနားသည် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး တီထွင်ဆန်းသစ်မှုများကို ရှင်သန်လာစေရန် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။

ဒုံးပျံဂျုံမှုန့်သည် ယင်းမှတဆင့် တိုးတက်မှုများကို အားဖြည့်ခြင်း၊ ကောင်းမွန်သောမိတ်ဖက်မှုများကို တည်ထောင်ခြင်း၊ နှင့် ရေရှည်တည်တံ့သော တိုးတက်မှုအခွင့်အလမ်းများ ဖန်တီးခြင်း တို့အပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း အတည်ပြုပြသလိုက်ခြင်းဖြစ်ပါသည်။ ဤအခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ မိတ်ဖတ်အကျိုးစီးပွားရှင်များ၊ နှင့် တီထွင်ဆန်းသစ်သူများကို ပေါင်းစည်းပေးမည့် စွမ်းဆောင်ရည်မြှင့်တင်သော မိတ်ဖက်ပေါင်းစည်မှုတစ်ခုလည်းဖြစ်သည်။

ဒုံးပျံဂျုံမှုန့်သည် ဤထင်ရှားသော အခမ်းအနားကို အောင်မြင်မှုရရှိစေရန် ထောက်ပံ့ကူညီပေးနိုင်ခြင်းကို ထပ်လောင်းဂုဏ်ယူပြီးယင်းမှတဆင့် လုပ်ငန်းစံချိန်စံညွှန်းများ မြှင့်တင်ခြင်း၊ ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ခြင်း၊ နှင့် အနာဂတ်တိုးတက်မှုကို ဖန်တီးပုံဖော်ရန်ဆောင်ရွက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဒုံးပျံဂျုံမှုန့်အနေဖြင့် ထပ်မံ အတည်ပြုပါသည်။