ဒုံးပျံဂျုံမှုန့်အနေဖြင့်လူငယ်များကို ဦးစားပေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် ယနေ့လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ကိုယုံကြည်လက်ခံပါသည်။ သို့ဖြစ်ပါသောကြောင့် ကုမ္ပဏီသည် တက်သစ်စပေါ်လွင်သော ကျွမ်းကျင်မှုများ၊ ဖန်တီးမှုနှင့် တိုးတက်မှုကို မြှင့်တင်ပေးသော လှုပ်ရှားမှုများကို တက်ကြွစွာထောက်ပံ့ပေးပါသည်။
ဒုံးပျံဂျုံမှုန့် သည် လူငယ်များကို အရေးကြီးသော ကျွမ်းကျင်မှုများ ဖွံ့ဖြိုးနိုင်ရန်၊ တန်ဖိုးရှိသော အတွေ့အကြုံများ ရရှိနိုင်ရန် နှင့် အခွင့်အလမ်းများဖန်တီးနိုင်ရန် Shwe Sa Bwe Restaurant & Training Center နှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး လူငယ်များအတွက် ကျွမ်းကျင်တိုးတက်စေသော သင်တန်းများ ပံ့ပိုးပေးလျက်ရှိပါသည်။
လူငယ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အလေးပေးခြင်းသည် ဒုံးပျံဂျုံမှုန့်၏ ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ပြီး ယင်းကိုအကောင်အထည်ဖော် ထောက်ပံ့နိုင်ခြင်းအတွက်လည်းဝမ်းမြောက်မိပါသည်။ အနာဂတ်တွင်လည်း တာဝန်ယူမှုရှိပြီး တတ်မြောက်မှု၊ ကျွမ်းကျင်ဖန်တီးနိုင်မှုရှိသော ခေါင်းဆောင်မျိုးဆက်သစ်များကို ယခုထက်ပို၍များပြားသော အထောက်အပံ့များပံ့ပိုးပေးနိုင်ရန်ကြိုးစားလျက်ရှိပါသည်။

