icon

September 30 , 2024

icon

1 Minute Read

လိုအပ်သောအချိန်များတွင် လူ့အဖွဲ့အစည်းများကို ကူညီပံ့ပိုးပေးခြင်း

ဒုံးပျံဂျုံမှုန့်မိသားစုသည် လူ့အဖွဲ့အစည်းနှင့် စုပေါင်းလုပ်ဆောင်မှု၏ စွမ်းအားကို ယုံကြည်ပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုဒဏ်ကို တုံ့ပြန်သည့်အနေဖြင့် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်အတူ လိုအပ်သောအကူအညီများ အထောက်အပံ့များ ပံ့ပိုးပေးရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့အစည်းသည် အစားအသောက်၊ အဝတ်အထည်နှင့် အခြားအရေးကြီးသော အထောက်အပံ့များကိုလှူဒါန်းခဲ့ပြီး ဤကဲ့သို့သောအချိန်ကာလအတွင်း အခက်အခဲဖြစ်နေသော မိသားစုများကို တိုက်ရိုက်ကူညီပေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများသို့လည်း သွားရောက်ကာ ဆန်၊ သောက်ရေသန့်၊ အစားအသောက်နဲ့ အဝတ်အထည်တွေ အပါအဝင် စားနပ်ရိက္ခာတွေ ပို့ဆောင်ပံ့ပိုးပေးခဲ့ပါသည်။ အထောက်အပံ့နှင့် မျှော်လင့်ချက်သတင်းစကား နှစ်ခုစလုံးကို ပေးဆောင်ခြင်းဖြင့် ရေလွှမ်းမိုးမှုအပြီးတွင် ကြုံတွေ့နေရသူများအတွက် နှစ်သိမ့်မှုနှင့် စိတ်သက်သာရာရလာစေရန် ရည်ရွယ်ပါသည်။

ဤအစပြုမှုသည် ဒုံးပျံဂျုံမှုန့် ကို အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ကရုဏာနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် သက်သေဖြစ်ပြီး ကျွန်ုပ်တို့သည် လိုအပ်နေသောလူမှုအသိုင်းအ၀ိုင်းအား ပံ့ပိုးကူညီရန် နှင့် လူ့အဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေသော ကြိုးပမ်းမှုများတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားပါမည်။