Butter (ထောပတ်) ရဲ့ ထူးခြားတဲ့ အနံ့၊ အရသာနဲ့ ကိတ်မုန့်၊ ပေါင်မုန့်တွေရဲ့ (Texture) နဲ့ ဖွဲ့စည်းပုံကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေကြောင့် အစားအသောက် ထုတ်ကုန်အမျိုးမျိုးမှာ အဓိက ပါဝင်ပစ္စည်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြပါတယ်။
အနံ့၊ အရသာကို ပိုမိုကောင်းမွန်စေပြီး ဘယ်လိုထုတ်ကုန်မျိုးပဲဖြစ်ဖြစ် ထောပတ်နည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့ရော အရသာပါ ပိုမိုမွှေးပျံ့ပြီး Rich ဖြစ်သွားစေပါတယ်။
ဗီတာမင်တွေ ကြွယ်ဝပြီး Butter မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ Vitamin A, D, E နဲ့ K တို့ ပါဝင်လို့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။
သူ့မှာပါဝင်တဲ့ (Good Fats) တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို မြန်မြန်ဆန်ဆန် ဖြည့်တင်းပေးနိုင်ပါတယ်။ Butter ကို Baking လုပ်တာပဲဖြစ်ဖြစ်၊ Steak ကြော်တာပဲဖြစ်ဖြစ်၊ ချက်ပြုတ်တာပဲဖြစ်ဖြစ် Kitchen ထဲမှာ မရှိမဖြစ် ဆောင်ထားရမယ့် Product လေးတစ်မျိုးပဲဖြစ်သည့်အတွက် သုံးကြည့်သင့်ပါသည်။

